Pages

21.1.08

ကျောင်းသားဟောင်း
>>>>>>><<<<<

ငါတို့ကိုင်ဆောင်ခွင့်ရှိတာဟာ
သစ်ကိုင်းခြောက်နဲ့ လေးနှစ်စာ စက္ကူစုတ်တစ်ခုသာဖြစ်ခဲ့တယ်..
နင်းခြေခံထားရတဲ့ မြက်ပင်တွေလိုပဲ
ငါတို့ကျောင်းတော်ရာဟာ
လေတဟူးဟူးထဲ ရွံ့နွံဆန်ဆန် ပျော်ရွှင်နေမြဲ . .
ငါတို့ဝမ်းနည်းခဲ့ဘူး . . .
ဆန့်ကျင်ဘက်တွေငေးမောရင်း
ငါတို့အဖေချွေးနဲ့ ငါတို့စာမျက်နှာတွေရေးထိုးခဲ့တယ်..။

ငါတို့ရဲ့ အာစရိယဟာ အသပြာဖြစ်နေခဲ့ပြီး
ငါတို့ဟာ မတော်လောဘကို ကိုးကွယ်ဖို့ကြိုးစားမိဖူးတယ်
ငါ့သူငယ်ချင်းက ရွေ့ပြောင်းခံရခြင်းအတွက် မျက်ရည်ကျပေမယ့်
ခွဲခြားခံရခြင်းအတွက်တော့ ၀မ်းနည်းဘူးလို့ ပြောခဲ့တယ်။
ငါတို့ဟာ နတ်သမီးကို ချစ်ခွင့်ပန်ခဲ့သူတွေမဟုတ်ပေမယ့်
အကြိမ်ကြိမ်ငြင်းပယ်ခံခဲ့ရတယ်
ငါတို့ကို ခုတ်ထွင်ရှင်းလင်းပေမယ
့် ငါတို့ အကြိမ်ကြိမ်ပြန်လည်ပေါက်ရောက်လာခဲ့ရတယ်..။
ဒါဟာလည်း ၀ဋ်ကြွေးဆပ်ခြင်းတစ်မျိုးပေါ့။
ကြက်တစ်ခုန်စာ . .ကြွေတစ်လက်စာ မဟုတ်ပေမယ့်
ငါတို့ဘ၀ကို ပုံအောထိုးမိခဲ့တယ်။
ယုံကြည်တယ်ဆိုတာလေးကိုပဲ
တဖြည်းဖြည်းချင်းမျှင်းရှုရှိုက်ရတယ်..
ငါတို့သွေးတွေမကုန်ဆုံးသရွေ့ပေါ့ . . .။
(နိုးဝေ)

1 comments:

ကောင်းကင်ကို said...

ငါတို့ကိုင်ဆောင်ခွင့်ရှိတာဟာ
သစ်ကိုင်းခြောက်နဲ့
လေးနှစ်စာ စက္ကူစုတ်တစ်ခုသာဖြစ်ခဲ့တယ်..

မှန်လိုက်တာဗျာ။ ကဗျာလေးနှစ်ပုဒ်စလုံးကြိုက်တယ်။