ငါတို့အနာဂတ်ဟာ ဘာအရောင်လဲ
............................................
>>>>>>><<<<<<<<<<<<
ခြေလှမ်းတွေကို နောက်ပြန်လျောက်လိုက်ရင်
အရင်နေရာကို ပြန်ရောက်နိုင်ပေမဲ့...
ကုန်လွန်ပြီး ၊ကွယ်လွန်ပြီး ၊သေဆုံးပြီး
အတိတ်ဆီ ကိုတော့ နောက်ပြန်လမ်းလျောက်လို့
မရနိုင်ဘူး..။
အသက်က ၂၀ ကျော်
ဇာတ်ကွက်ကျရာ ခေတ်ကလည်း
ညစ်ကျယ်ကျယ် နိုင်လွန်းလှတယ်။
ခေါင်းတွေ ငုံ့ထားတတ်ရမယ်
လူတကာကို ဆရာခေါ်မှ..ထမင်းဝမယ့်အဖြစ်..။
ခိုး မစားတတ်ရင်..ငတုံးလို့ အခေါ်ခံ စနစ်..နဲ့
“တည့်အောင်ပေါင်းပြီး တောင်းစားတာ ဖက်ရှင်လား”
ဆိုတဲ့ ကဗျာစာသားလို..မေးခွန်းတွေနဲ့ ဘ၀..။
ဗိုလ်ချူပ်ကတော့ပြောသွားရဲ့..
“အကောင်းဆုံးကို မျှော်လင့်ထားသလို
အဆိုးဆုံးကိုလည်း မျှော်လင့်ထားပါ”တဲ့...။
တရား သဘောအရ တော့ ငါတို့ ဟာ ၀ဋ်ခံနေရတာပဲမဟုတ်လား။
သားစဉ်မြေးစက် ချွေးမြေမကျဖို့
ငါတို့သွေး မြေကျရတာ...
မြင့်မြတ်သော လှုတန်းမှုတစ်ခုပဲ...
ကဲ...နိုင်မွန်အောင်သွင်ရဲ့ ကဗျာခေါင်းစဉ်လို
“နောင် အနှစ် (၂၀) ကြာသော်”...
ငါတို့ ဘာဖြစ်မလဲ........?????????။
အငွေ့
Subscribe to:
Post Comments (Atom)



2 comments:
ကဗျာကောင်းတယ်ဗျာ။
ငါတို့ အနာဂါတ်ဟာ စိတ်ဓါတ်ကျတဲ့အရောင်..။
စိတ်ဓါတ်ကျတဲ့အရောင် ဟာ ကမ္ဘာမြေကြီးရဲ့အရောင်ဖြစ်တယ်။
(ကိုယ်ငယ်ငယ်က ရေးဖူးတဲ့ စာသားလေး..စိတ်ဓါတ်တွေကျလွန်းလို့ ခေါင်းငိုက်စိုက်ဖြစ်နေတုန်းတွေ့ခဲ့တဲ့ အရောင် မို့)
ဂျွန်
Post a Comment
Post a Comment