ဖေဖေါ်ဝါရီမြောင်းကလေး
........................................
.......................................
ကိုယ်က..
မြောင်းကလေး
ချောင်း ကလေးအဖြစ် စီးဆင်ဖို့ရာ
အရှိန်မရှိ....။
ကိုယ့်ရင်ခွင်အထက်မှာမှ
ပွင့်တဲ့ စံပယ်ဖြူ...
မင်းပါးပြင် လေးတောက်ပ ဖို့အရေး
ပန်ဆင်ပေးပါရစေ..။
စိတ်ကူး................
ဒီနေ့..သို့မဟုတ် အဲ့ဒီ့နေက
မင်း ၀ဲဘက်လက် လက်သူကြွယ်လေးမှာ
ဘယ်သူ့ လက်စွပ် ကလေးပန်ဆင်ခဲ့သလဲ..။
တစ်သက်နဲ့ တစ်ကိုယ်..
ဖေဖေါ်ဝါရီဟာ....
ရွှဲရွှဲ ဆို အလွမ်းမိုးစက်တွေနဲ့
ရင်ခွင်တနံ့ ရွာချခဲ့ပေါ့...
ကိုယ်က..ဖေဖေါ်ဝါရီ မြောင်းကလေး
အလွမ်းမြစ်မှ........
ပင်လယ်အထိ စီးဆင်းအား ကောင်းဆဲ...။
အငွေ့
0 comments:
Post a Comment