ရင်ဘတ်ထဲက အငွေ့များ

ဘ၀မှာ အမှားခပ်များများကလွဲလို့ဘာမှ မပိုင်ခဲ့တဲ့ကောင်ပါ

21.2.08
Posted by အငွေ့

“ ကြာ ”
..........................

ကဗျာမရေးဖြစ်တာ ကြာပြီ
မီးစက်သံ တညံညံ နဲ့ မြို့ပြအကြောင်း
အိမ်မပြန်ဖြစ်တဲ့ ညတွေအကြောင်း
မျက်ခုံးမွေး လှလှနဲ့ ကောင်းမလေးအကြောင်း
အရက်ကြိုက်တဲ့ အဖေ့အကြောင်း
ကဗျာတွေ မရေးဖြစ်တာကြာပြီ..။

အနုပညာ သမားအတွက် ခံစားချက်က
ဓားတစ်လက်ထက် ပိုထက်တက်တယ်။
မိသားစုအကြောင်းခံစားလိုက်ရင်ပဲ
အပြစ်တွေအားလုံး က ကိုယ့်ကြောင့် စိုစိုရွှဲ..
ဝမ်းနည်း ၊ မျက်ရည်..။

ကိုယ်တစ်ကိုယ်စာ ရပ်တည်မှုတစ်ခုတည်းအတွက်တောင်
မတ်မတ် မရပ်နိုင်တဲ့ ခန္ဓာ ၊ခေတ်နဲ့ အံဝင်ညီမျှမှု မရှိဘူး။
မေမေ ကသူ့ မွေးနေ့အတွက် ဘာလက်ဆောင်မှ မလိုဘူး
ဆိုသောငြား.............
ကိုယ်က မေမေဆီက လိုချင်တာတွေခပ်များများ ရှိနေတုန်း..။
အမေ့အိမ်ရဲ့ အဝေးမှာ ဒီလိုပဲ မိုးဒဏ်လေ ဒဏ်က
ခပ်ပြင်းပြင်း တိုက်ခတ် တတ်သလား..။

“တောက်” မသနား သနားအောင် လုပ်နေတဲ့လူတွေကိုလည်း
မသနားတော့ဘူး ။
မဖား ဖားအောင်လုပ်နေတဲ့ မျက်နာတွေကိုလည်း မဖားချင်ဘူး။
ကိုယ်က ပျက်စီးစ ပြုနေတဲ့ သစ်ပင
် နှစ်ပင်လိမ် အချစ်ရေး ကလည်း “တောက်” ခေါက်နေရတာ
အကြိမ်ကြိမ်..နဲ့
နှစ်သာကူး..သွားတယ်
် ........“ကြာ.....”
အငွေ့

1 comments:

ကောင်းကင်ကို said...

ဒီကဗျာလေး အရမ်း ကြိုက်တယ်ဗျာ။