အချစ်ဆိုတာလည်း ဟောင်းသွားနိုင်တယ်
...............................................
အချစ်အကြောင်း ပြောရမယ်ဆိုရင်
ငါတို့ဟာ... ဖူး ကြ ပွင့်ကြ လန်းဆန်းကြမယ့် ပန်းပင်တွေလိုပဲ....။
အသည်းကို ထိုးနှက်သွားတဲ့ မျက်ဝန်းတစ်စုံအကြောင်း
အပြုံးတစ်ချက်ရဲ့ ရင်ခုံသံ နှိုးစက်အကြောင်း
ခိုက်ခိုက်တုန် ဘယ်ဘက် ရင်ခွင်ရဲ့
အိပ်မက် မင်းသမီးလေးအကြောင်း
စသဖြင့်.... ငါ တို့ အပေါင်း အဖေါ်တွေ စုရပ်မှာ
ငါ တို့ ရင်ဘတ်ကို စည်လိုတီးပြီး ဖွင့်ဟခဲ့ဖူးမှာပဲ..။
ပုံပြင် တိုင်းဟာ
ငါတို့ အသက်ကြီးလာ တာနဲ့ အမျှ
ဟောင်း နွမ်းသွားသလို........
ဒီ...ငါတို့ တစ်ခန်းတနား ဖွဲ့နွဲ့ခဲ့တဲ့ နတ်ဗိမ္မာန်လို
အချစ်အကြောင်း...လည်း
ငါတို့ နဲ့ အတူ တစ်နေ့တော့ ဟောင်း သွားမှာ အသေအချာပဲ..။
အငွေ့
1 comments:
ကဗှာ ဖတ်သွားတယ်ဗှာ ။ ပထမ အပိုဒ် ပိုကြိုက်တယ်ဗျ။ :D
Post a Comment