မရေးဖြစ်တဲ့စာ
နင် လွမ်းနေခဲ့ရင် . .
မိုးတိမ်တွေကိုပြောပါ . .၊ လမင်း ဆီကို မှာပါ
ပုလင်းထဲ စာတစ်ကြောင်းတစ်လေ ရေးပြီး
မြစ်ပြင်ကျယ်မှ လမ်းကြုံပါးပါ..
နင်လွမ်းနေခဲ့တယ် ဆိုရင်ပေါ့ဟာ ..
ဆတ်ကနဲ တရေးအနိုးမှာ
ငါ့ကို တိုးတိုးလေးခ်ါပါ
ငါတို့အိမ်ရှေ့က စာတိုက်ပုန်း အနွမ်းလေးကို မြင်ယောင်ကြည့်ပါ
အတူရယ်မောနေကြ ပြက်လုံးဟောင်းလေးကို ပြန်တွေးနေပါ။
ပျံလွှားတွေအများကြီးမြင်ရမယ့်လို့
နွေဦး မတိုင်ခင်က မျှော်လင့်မိပေမယ့်
ဖေဖော်ဝါရီမှာ မိုးတွေရွာတယ်
မေ့လျှော့ခံနေတဲ့ ချော့ကလက်တောင့်ကလေးလိုပဲ
ငါ့ နွမ်းလျှ အရည်ပျော်ကျခဲ့ရတယ်။
ပျံလွှားတွေအများကြီး မလာပေမယ့်
ငါတို့ အတူတူ အစာကြွေးဖူးတဲ့ စာဝတီးလေးတွေက တကျီကျီပါပဲ။
ငါတို့ အိမ်ခန်းထဲဆီ လရောင်ကို ခပ်ယူကြည့်ဖူးတယ်
ငါတို့ အိမ်နားက သစ်ပင်ရိပ်မှာ
တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြည့်ဖူးတယ်
အဲသည့်အချိန်ငါက ငါတို့ အထီးကျန်ခြင်းကို နားမလည်နိုင်ခဲ့။
နင်လွမ်းနေမယ့်လို့ ငါမယုံကြည်ပေမယ့်
နင်လွမ်းနေဟန်ဆောင်နိုင်ဖို့ ငါစာရေးလိုက်တယ်
သည်စာကို ဖတ်ရင်း နင့်မျက်ရည်မှာ
ငါ့ဝိဉာာဉ်တဖြတ်ဖြတ်လက်နေမှာကို ငါမြင်ယောင်မိတယ် . .
နင်လွမ်းနေတဲ့အခါ သိပ်ဝမ်းနည်းတတ်တာ ငါသိတယ် . .
နောက်ဆုံး ဒါဟာလည်း နောက်တစ်ကြိမ်
လုံးချေလွင့်ပစ်ရတဲ့ စာတစ်စောင်ပဲဖြစ်လာတယ် . .
နိုးဝေ
1 comments:
ဖတ်ဖြစ်အောင် ဖတ် သွားပါတယ် :P
Post a Comment