>>>>>oo<<<<<
ရောဂါ အနာဘယ ထူပြောလွန်းလှတယ်။
အချစ် ကင်ဆာ
အလွမ်း တုတ်ကွေး...နဲ့..
မင်း ရဲ့ ခပ်ဝေးဝေးမှာ သေလုမြောပါး...
အဆွေး ဒီကရီ ၁၅၀၀ နဲ့ကောင်..။
ခေတ်ရဲ့ စနစ်ရဲ့ ဆေးခါးရည်တွေကြား
မကြာခဏ ဖျားနာဖူးတဲ့ လူ....။
အချစ်စစ် နဲ့ဖော်ထားတဲ့ ဆေး
အသုံးမကျမှန်း ကိုယ်လဲသိမိလာတယ်။
ရန်ကုန်မှာ ချယ်ရီတွေ မပွင့်မှန်းသိပေမဲ့
ကိုယ့် လက်ကျန် အလွမ်းလက်တစ်ဆစ် ကတော့
မင်းကို ချစ်နေကြောင်း ပွင့်အာပြလို
ဝင်သက်..
ထွက်သက်....ကြား
မင်းမျက်နှာ ညိုးမှာ စိုးရင်းနဲ့ပဲ..
..............................ကောင်
အငွေ့
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment
Post a Comment