မျက်နှာကျက်ပေါ် အလွမ်းတွေတိမ်ဖွဲ့နေသလား
မနက်ဖြန်မှာ ငွေနဲ့ပဲ မျက်နှာသစ်ချင်တယ်တဲ့
အရှေ့တောင် အာရှ မှ အချစ်ကို ကစားတတ်တဲ့ ကလေးမရေ
မင်းလက်ဖျားလေးတွေက ငါ့ရင်ကို ကျားကွက်ထဲထည့်ရွှေ့နေ
တိုးတိုးလျှို့ဝှက် ၊ ရှိုက်သံကြား.....
ငါ့ မျက်ရည်စ အချို့ .......မင်းခြေဖျားအောက် စီးဝင်ပြီလား..။
အခုထိ..
ငါကတော့ တိမ်လိုလူပါပဲ...
နင့်နဲ့ ပတ်သက်ရင်ပေါ့..လေ..။#
31.3.09
မာယာ နှင့်.......
Posted by
အငွေ့
at
Tuesday, March 31, 2009
Subscribe to:
Post Comments (Atom)
2 comments:
အင်းးးး......
တကယ်ခံစားရတယ်...
အလွမ်းကလဲ မျက်နှာကျက်ပေါ်မှာ
အခုတော့တိုးတိုးတိတ်တိတ်..
တရွေ့ရွေ့သွားနေတဲ့အချိန်တွေလဲငါ့ဘေးမှာတိုးတိုးတိတ်တိတ်..
အဲဒီလိုပေါ့
တိမ်လိုလို..
လေလိုလို..
နင်နဲ့ဝေးတဲ့ညတွေ
တိုးလျှိုးကြေကွဲ နေ၀င်ခဲ့အနမ်းတွေ
ငါလဲတမ်းတတတ်ပါတယ်..
Post a Comment