ရင်ဘတ်ထဲက အငွေ့များ

ဘ၀မှာ အမှားခပ်များများကလွဲလို့ဘာမှ မပိုင်ခဲ့တဲ့ကောင်ပါ

25.11.09

နာရီ

Posted by အငွေ့

အတ္တ္တတွေက တချောက်ချောက်မြည်
အသက်ရှုသံထက်
လောဘ သံပါတ်က ပိုလည်တယ်။
ဒုက္ခက နိုးစက်လိုပဲ
မကြာခဏ မြည်သံထွက်တယ်..။
ဒါပေမဲ့.....
ဒီဘ၀နာရီတွေအထဲမှာ
ရယ်သံလွင်လွင်တွေရှိတယ်။
ငိုသံညိုညိုတွေ ရှိတယ်။

တစ်အိအိ ရွေ့ လျားနေတဲ့
ရှင်သန်မှု စက္ကန့် သံတွေကြားထဲ
ဘယ်အရာမှ သယ်ဆောင်ခွင့်မရခင်
ငါ့..........
နာရီလက်တံတွေကို ရပ်မပစ်ပါနဲ့
လောကဓံရယ်...။

1 comments:

thuyegyi said...

...ကဗျာဆရာဆိုတာကြယ်တံခွန်တွေဖြစ်နိုင်တယ်..
နှလုံးသားရဲ့အနက်ရှိုင်းဆုံးတနေရာဆီကပေါက်ကွဲမှုများ.ဒုက္ခနဲ့လင်းလဲ့ခဲ့ရာ..ကြယ်တံခွန်တွေပေါ့...