အတ္တ္တ္တတွေက တချောက်ချောက်မြည်
အသက်ရှုသံထက်
လောဘ သံပါတ်က ပိုလည်တယ်။
ဒုက္ခက နိုးစက်လိုပဲ
မကြာခဏ မြည်သံထွက်တယ်..။
ဒါပေမဲ့.....
ဒီဘ၀နာရီတွေအထဲမှာ
ရယ်သံလွင်လွင်တွေရှိတယ်။
ငိုသံညိုညိုတွေ ရှိတယ်။
တစ်အိအိ ရွေ့ လျားနေတဲ့
ရှင်သန်မှု စက္ကန့် သံတွေကြားထဲ
ဘယ်အရာမှ သယ်ဆောင်ခွင့်မရခင်
ငါ့..........
နာရီလက်တံတွေကို ရပ်မပစ်ပါနဲ့
လောကဓံရယ်...။
25.11.09
ခံစားမှုကိုစားသုံးသူများ
ကဗျာဆရာဆိုတာ
ဘ၀ရဲ့ကဗျာကရာပဲ
ငွေနောက် မလိုက်ပေမဲ့
ငွေနောက်ခြင်းကို ခံရသူတွေ။
တစ်ခါတလေများ
လောကဓံက သရဲလိုခြောက်လို့ကတော့
သူတို့ရဲ့ ဖန်ခွက်မြည်သံ ကျယ်ကျယ်လောင်လောင်နဲ့
မောင်းထုတ်ပစ်တတ်ရဲ့...။
ခေတ်က ကဗျာ ဆရာတွေအပေါ်
ဒုတ်ထမ်းဓားထမ်း လုပ်နေတာကြာပြီ
ဒါပေမဲ့
သူတို့ စာသားတွေ သူတို့ ၀ါးလို့ မျိုလို့
သူတို့ က သူတို့ ကိုသူတို့ ပန်းပွင့်တွေထဲ
ကျေနပ်လို့....။
မြန်မာ့မြေပေါ်က ကဗျာဆရာများ............။
ဘ၀ရဲ့ကဗျာကရာပဲ
ငွေနောက် မလိုက်ပေမဲ့
ငွေနောက်ခြင်းကို ခံရသူတွေ။
တစ်ခါတလေများ
လောကဓံက သရဲလိုခြောက်လို့ကတော့
သူတို့ရဲ့ ဖန်ခွက်မြည်သံ ကျယ်ကျယ်လောင်လောင်နဲ့
မောင်းထုတ်ပစ်တတ်ရဲ့...။
ခေတ်က ကဗျာ ဆရာတွေအပေါ်
ဒုတ်ထမ်းဓားထမ်း လုပ်နေတာကြာပြီ
ဒါပေမဲ့
သူတို့ စာသားတွေ သူတို့ ၀ါးလို့ မျိုလို့
သူတို့ က သူတို့ ကိုသူတို့ ပန်းပွင့်တွေထဲ
ကျေနပ်လို့....။
မြန်မာ့မြေပေါ်က ကဗျာဆရာများ............။
Subscribe to:
Posts (Atom)